နယ်ရုံးများ၏သတင်းများ

Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth club) အသင်းတို့ ပူးပေါင်း၍ စစ်တုရင်ပြိုင်ပွဲနှင့် ပူ‌ပေါင်း ဖောက်ပြိုင်ပွဲ လှုပ်ရှားမှုများကို ယမန်နေ့ ည‌နေ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 21,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် (၈)နာရီမှ ညနေ (၃) နာရီအထိ နနွင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယ​နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ ခန်းမကြီးအတွင်းနှင့် ဖောင်တော်သီတိုက်နယ် ဆေးရုံတို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသောသူများနှင့် ကာကွယ်ဆေး လုံးဝမထိုး ရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
Jan 21,2022
ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍  မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက် နေ့လည် ၂ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre)၌ ပြုလုပ်ခဲ့သည်။
Jan 21,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရသေ့တောင်မြို့နယ်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကိုပျော်ရွှင်မှုများဖြင့် ဖြတ်ကျော်နိုင်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်၍ ယနေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မုန့်စားပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
Jan 20,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း( Women Club) တို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 20,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစ၍ ဖွင့်လှစ်ထားရှိရာ  ဇန်နဝါရီ ၂၀ ရက်နေ့က စာဖတ်ပရိတ်သတ်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာအုပ်၊စာစောင်များအခမဲ့ ငှါးရမ်းပေးလျက်ရှိသည်။