လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

လိပ်သို ဇန်နဝါရီ ၁၉

ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရို်င၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လိပ်သိုမြို့နယ်မြေခံရဲစခန်းမှူး ရဲအုပ်ရဲလင်းနှင့် ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး နော်နီလာအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ကလေး သူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ များ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ အသက်(၁၄)နှစ်အောက် ကလေးငယ်များကို စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ခွင့်မပြု အစရှိသည့် အသိပညာပေး အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့ (ပြန်/ဆက်)