နယ်ရုံးများ၏သတင်းများ

Sep 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျောင်းများ ယာယီပိတ်ထားခဲ့ရာ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/သူများအနေဖြင့် အသိ ပညာ/ ဗဟုသုတများ ရှာမှီးနိုင်ရန်အတွက် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။
Sep 25,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ပေါ်ရပ်ကွက်(၄) ခုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အသုတ် (ပထမအကြိမ်) ကို ဦးတည်အုပ်စုများ အလိုက် မြို့ပေါ်ဆေးထိုးစုရပ် က(၄) ကနေရာ၌၊ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Sep 25,2021
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ် ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဆက်သွယ်နိုင်ရန်အတွက် ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျိုက်လတ်မြို့နယ်အမှတ်(၂)ရပ်ကွက် ၂ လမ်း ထိပ်၌ ပြုလုပ်စိုက်ထူခဲ့ကြ‌ကြောင်းသိရသည်။
Sep 25,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံသည် ယနေ့ နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။
Sep 25,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးခန်းမ၌ ကျင်းပသည်။
Sep 25,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ဦးဩဘာသခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေး သူများကို ယနေ့မနက် ၈ နာရီအချိန်က ဦးစားပေး အုပ်စုအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူများက အေးချမ်းစွာ လာရောက် ကာကွယ်ဆေးများ ထိုးနှံလျက်ရှိကြကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Sep 25,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒေါပုံမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်(၆၄)နှစ် အတွင်းရှိ ပြည်သူများကို ယနေ့နံနက်(၉း၀၀)နာရီ အချိန်မှစတင်၍ သတ်မှတ်စုရပ် နေရာများဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း တို့၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။