နယ်ရုံးများ၏သတင်းများ

Oct 12,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက ်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊
Oct 12,2021
၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်ရာသီတွင် ပဲမျိုးစုံစိုက်ဧကများအတွင်း နေကြာ သီးညှပ်စိုက်ပျိုးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ပေးအပ်သော ဆင်းရွှေကြာ (၂) နေကြာမျိုးစေ့များတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပေါက်ခေါင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့မနည်းပညာပြန့်ပွားရေးစင်တာတွင် ကျင်းပပြုလုပ်သည်။
Oct 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၂ ရက်၊ ယနေ့နံနက် ၉ နာရီက ဆေးထိုးစုရပ်(၆)နေရာခွဲ၍ ဆက်လက် ထိုးနှံပေးနေကြောင်း ပန်းတောင်းမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
Oct 12,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာသဖြင့် မြို့မဈေးကြီးအား အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီမှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှသိရသည်။
Oct 12,2021
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊သဲကုန်းမြို့၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို Phase 3 (OCT-NOV) First Dose အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Oct 12,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သဲကုန်းမြို့နယ်၊ ဗြဟ္မာ့အင်း ကျေးရွာအုပ်စုမှ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ဘူးခြင်း မရှိသေးသူ(၂၁၃)ဦးအား
Oct 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းနှင့် အတူနေ မိသားစုဝင်များ၊ စျေးသူ၊ စျေးသားများ၊ သယ်ယူပို့ဆောင်ရေးမှ ဝန်ထမ်းများ၊ မသန်စွမ်းသူများကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ အမှတ်(၆)ရပ်ကွက် ရှိသာသနာ့ဗိမာန်တော်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများကကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက်များနှင့်အညီကာကွယ် ဆေးများကို ထိုးနှံပေးလျက်ရှိသည်။