နယ်ရုံးများ၏သတင်းများ

Sep 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီ အချိန်က စတင်ပြီးမင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာနစုရပ်များ၌ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျှက်ရှိ ကြောင်းသိရသည်။
Sep 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက် စေရန်ရည်ရွယ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က ရင်းဘိုင်း ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများသို့ လက်ဝယ်အရောက် ကွင်းဆင်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Sep 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က မရမ်းကြီးကျေးရွာအုပ်စုတွင် ဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
Sep 25,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် စုရပ်နေရာ (၆) ခုခွဲ၍ ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်းများ၊
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီက နမ့်ဟူးခွန်ကျေးရွာ အုပ်စု၊ အောင်းလောင်းကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 24,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်-ပေါက်ခေါင်း မီးရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေများအနက်မှ ပြည်မြို့နယ် ဗြူးကုန်းကျေးရွာအုပ်စုတွင် ကျန်ရှိနေသော တောင်သူ(၁၃)ဦးအား မြေယာလျော်ကြေးပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ပုလဲသီတာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲက ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး
Sep 24,2021
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီလီမိတက်က ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန်၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လှိုင်မြစ်အတွင်းသို့ ငါးမျိုးကောင်ရေ (၅)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
Sep 24,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများဖြစ်သည့် ပြည်သူ(၇၈၆၅)ဦးအား စက်တင်ဘာ(၁၈)ရက်နေ့မှ (၂၃)ရက်နေ့အထိ သတ်မှတ်နေရာများတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။