ကလိန်အောင်မြို့တွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို စကားပုံဆက်ပြိုင်ပွဲပြုလုပ်

ကလိန်အောင် ဇန်နဝါရီ  ၁၉

အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က အလယ်တန်းအဆင့် စကားပုံဆက်ပြိုင်ပွဲ‌ ‌ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန်  ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်မှ ကျောင်းသား/ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်နိုင်သူများကို မြို့ဦးစီးမှူးက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

မိုးမိုးခိုင်