သုံးခွ ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth club) အသင်းတို့ ပူးပေါင်း၍ စစ်တုရင်ပြိုင်ပွဲနှင့် ပူပေါင်း ဖောက်ပြိုင်ပွဲ လှုပ်ရှားမှုများကို ယမန်နေ့ ညနေ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (တာ၀န်ပေး) ဒေါ်တင်တင် ထွေးက ကလေးငယ်များ စိတ်ပျော်ရွှင် ချမ်းမြေ့စေရန် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရရှိပြီး စာပေဖတ်ရှုမှု အလေ့ အထများ ရရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြတ်စေရန်နှင့် စုပေါင်းဆောင် ရွက်တတ်သည့် စိတ်ဓာတ်များ ရရှိစေရန် အတွက် စစ်တုရင်ပြိုင်ပွဲနှင့် ပူပေါင်းဖောက် အားကစားလှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများက စစ်တုရင်ပြိုင်ပွဲနှင့်ပူ ပေါင်းဖောက်ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ တွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူလေးများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ကလေးသူငယ်များနှင့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွ မြို့နယ်ရုံးမှ ၀န်ထမ်းများက အပတ်စဉ် ကိုယ်လက်လှုပ်ရှား အားကစားနည်းများနှင့် ပြပွဲပြိုင်ပွဲများကို ပြုလုပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)