ရသေ့တောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မုန့်စားပြိုင်ပွဲကျင်းပ

ရသေ့တောင်  ဇန်နဝါရီ  ၂၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရသေ့တောင်မြို့နယ်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကိုပျော်ရွှင်မှုများဖြင့် ဖြတ်ကျော်နိုင်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မုန့်စားပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး  ပြိုင်ပွဲကိုဆက်လက်ကျင်းပသည်။

အဆိုပါ မုန့်စားပြိုင်ပွဲတွင် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်စံထွန်း(ပြန်/ဆက်)