သံတွဲ ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာနရှိ ပြည်သူ့စာကြည့်တိုက်ကို ဒီဇင်ဘာ ၂၀ ရက်နေ့မှစ၍ ဖွင့်လှစ်ထားရှိရာ ဇန်နဝါရီ ၂၀ ရက်နေ့က စာဖတ်ပရိတ်သတ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာအုပ်၊စာစောင်များအခမဲ့ ငှါးရမ်းပေးလျက်ရှိသည်။
စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်ဖတ်ရှုသည့် စာဖတ်ပရိတ်သတ်များအား လွယ်ကူအဆင်ပြေစေရန် နှာခေါင်းစည်း(Mask) ထားရှိပေးခြင်း၊ လက်သန့်ဆေးရည်ဘူးထားရှိပေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာ ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော Online ဝန်ဆောင်မှုစနစ်ဖြင့် လူမှုကွန်ယက်စာမျက်နှာများတွင် ထုတ်လွှင့်တင်ဆက်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်း၊ စသည့်လုပ်ငန်းများကို ရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည့်အပြင် ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် စာအုပ်စာစောင်များငှါးရမ်းပေးခြင်း၊ အားကစားခန်းမ၌ အားကစား လေ့ကျင့်မှုများ ဆောင်ရွက်ခြင်း ၊ ကလေးစာဖတ်ခန်းတွင် ကလေးများပျော်ရွှင်စွာ စာဖတ်နိုင်ခြင်း ၊ ကလေးကစားခန်းတွင် ပျော်ရွှင်စွာကစားနိုင်ခြင်း ၊ အစည်းအဝေးခန်းမနှင့် ဘက်စုံသုံးခန်းမများကို အခမဲ့အသုံးပြနိုင်ခြင်း၊ သင်တန်း များဖွင့်လှစ်ပေးခြင်းတို့ကို အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသည်။
ခရိုင်ပြန်/ဆက်