အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ဆောင်ရွက်

ကန့်ဘလူ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအသင်း( Women Club) တို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးခက်က ပြည်သူများအသိပညာဗဟုသုတများ တိုးတက်မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး အမျိုးသမီးအသင်း( Women Club) အဖွဲ့ဝင်ဒေါ်စန္ဒကူးက အမျိုးသမီးများ၏ အခွင့်အရေးများအကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဥ်များ၊ အမျိုးသမီး အကြမ်းဖက်မှုဆိုင်ရာ ဥပဒေများအကြောင်းတို့ကို ကျယ်ကျယ် ပြန့်ပြန့်သိရှိခြင်းဖြင့် အကြမ်းဖက်မှုပပျောက်ရေး၊ တားဆီးကာကွယ်ရေး လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်တတ်စေရန် စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များကို  ဖိတ်ခေါ်၍ အွန်လိုင်း စနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)