မိုင်းရယ် ဇန်နဝါရီ ၂၁
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
အဆိုပါပြိုင်ပွဲတွင် မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား/သူ (၃၂)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုရရှိသည့် ကျောင်းသား/သူများအား (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်ထိုက်