ဒိုက်ဦး ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ဒိုက်ဦးမြို့နယ် ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ ခန်းမကြီးအတွင်းနှင့် ဖောင်တော်သီတိုက်နယ် ဆေးရုံတို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသောသူများနှင့် ကာကွယ်ဆေး လုံးဝမထိုး ရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
ဖောင်တော်သီတိုက်နယ်ဆေးရုံ၌ ရှမ်းစု၊ ပေါက်တစ်ပင်၊ ဖောင်တော်သီအနီးတစ်ဝိုက် ကျေးရွာများမှ ပြည်သူများအား ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့က လာရောက် ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ၊ မီးသတ်နှင့် စေတနာရှင်လူငယ်အဖွဲ့တို့မှ ဝိုင်းဝန်းကူညီပေးကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)