ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပ

ငါန်းဇွန်   ဇန်နဝါရီ  ၂၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးရွာအုပ်စု ငါန်းဇွန်မြို့အခြေခံပညာအထက်တန်း ကျောင်း၌ ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ အား အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပသည်။

ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူဉပဒေအကြောင်း၊ စားသုံးသူများ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ကြည့်ရှု ယ်ယူကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုအား တိုင်ကြားနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်စသည်တို့ကို ဆွေးနွေးပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃) က သတင်းအမှား/အမှန်ခွဲခြားသိမြင်စေရေးအတွက် ကျောင်းသားကျောင်းသူ များအား အသိပညာပေး ဆွေးနွေးပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသားကျောင်းသူများ လေ့လာကြည့်ရှုနိုင်စေရန်‌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ပြသပေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။  

သက်နောင်ဦး