(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ နှင့်နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပ

ကော့သောင်း   ဇန်နဝါရီ   ၂၃

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက်ပိုင်းက မေတ္တာကြေးမုံပရဟိတကျောင်းမှ ကျောင်းသားကျောင်းသူများ အား အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲပြုလုပ်ကျင်းပသည်။

 ရှေ့ဦးစွာ ဟောပြောပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမော်က မြန်မာနိုင်ငံ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံ့အချုပ်အချာအာဏာ ထိန်းသိမ်း ကာကွယ်စိတ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ခြင်းအရေးပါမှုစသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောပြီး ကျောင်းသားကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရေးနှင့် ပြည်ထောင်စုကြီးအတွင်း တိုင်းရင်းသားများ ညီညွှတ်စွာ ပေါင်းစည်းကာ ပြည်ထောင်စုကြီးစုစည်းဖြစ်ပေါ်လာစေရန် ကြိုးပမ်းအားထုတ်ခဲ့သည့် ပင်လုံစာချုပ်ဆိုင်ရာ သမိုင်းကြောင်း ဖြစ်စဉ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 ကျော်စိုး