မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre)ခန်းမတွင် စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက် ပြိုင်ပွဲကျင်းပ

မြေပုံ  ဇန်နဝါရီ    ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက စက္ကူခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ကျင်းပသည်။

ရှေးဦးစွာ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ကျောင်းသား ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်၊ တီထွင် ကြံဆတတ်စေရန်ပြောကြားပြီး ရောင်စုံစက္ကူများကို အသုံးပြု၍ စက္ကူ‌ခေါက်ပုံအဆင့်ဆင့်ကို ပြသပြီး ပြိုင်ပွဲကျင်းပခြင်း၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်အတွက် စကားပုံဆက် ပြိုင်ပွဲကို ကျင်းပကာ မြေပုံမြို့ အခြေခံပညာအလယ်တန်းကျောင်း(သဲတန်းရှေ့)မှ ကျောင်းသား ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့် ကြသည်။

ဝင်းမင်းစိုး