ဝေါမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ဝေါ    ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် စာပေဝါသနာရှင်များ ပူးပေါင်းကာ စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာပေဗဟုသုတများ နှီးနှောဖလှယ်နိုင်စေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင် ရေး စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀း၀၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က စာရေးဆရာ အောင်သင်းရေးသားသည့် ရည်မှန်းချက်နှင့်ပြဿနာအထွေထွေစာအုပ်မှ ရည်မှန်းချက်နှင့် ယုံကြည်မှု ဘာကွာခြားလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးအောင်မြတ် လင်း (ဓာတ်ပုံကျွမ်းကျင် -၂)  က ကြုံတွေ့ နေရတဲ့ သုခ ဒုက္ခတွေကို ဘုရားပေးတဲ့လက်ဆောင်လို့ယူဆထားသလာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်အေးမြမိုး (ရုပ်သံကျွမ်းကျင်-၃) က လူငယ်များ တိုးတက်ကြီးပွားရန် လူငယ်များသာ လွတ်လပ်စွာ ဦးဆောင် လုပ်ဆောင်နိုင်သင့်သည် ခေါင်းစဉ်တို့ဖြင့် အသီးသီး ဖတ်ကြားဆွေးနွေးကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်ကြသည့် ဝန်ထမ်းများနှင့်စာပေဝါသနာရှင်များက စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်မှ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း