နယ်ရုံးများ၏သတင်းများ

Feb 10,2022
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က (၇၅)နှစ်​မြောက် စိန်ရတုပြည်​ထောင်စု​နေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲ ကျင်းပ​​ဆောင်ရွက်ခဲ့သည်။
Feb 10,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်းဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပူးပေါင်းပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Feb 10,2022
ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်လာစေရန်၊ နှုတ်ပြောစွမ်းရည်မြင့်မားစေရန်၊ ရဲဝံ့စွာပြောဆို တတ်စေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများ သိရှိနားလည်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 10,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့ နံနက်(၁၀:၀၀)နာရီ အချိန်က ဒို့ကျေးရွာ ဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁)စာစောင်မှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“ ဆန္ဒကြီးရင် ကြံသမျှ ပြီးမယ်”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။
Feb 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ အခြေခံပညာ ကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှု ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် မိုင်းစံအထက ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူ များနှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဘောဂလိမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်ပိုင်းက Online မှတဆင့် အသိပညာပေး တင်ဆက်ပေးခဲ့ကြပါသည်။