နယ်ရုံးများ၏သတင်းများ

Feb 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Feb 12,2022
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့နံနက်၁၁နာရီ အချိန်တွင်(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့သည်။
Feb 12,2022
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင်  ၂၀၂၂  ခုနှစ် ၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေ (၁၄) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက အခြေခံပညာကျောင်းများ လူစည်ကားရာနေရာတို့တွင် အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
Feb 11,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်တွင် ဌာနဆိုင်ရာများမှ ဝန်ထမ်းများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Feb 11,2022
မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်  ကျရောက်မည့် (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်   သတင်းစကား  လက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ မန္တလေးမြို့တော်ခန်းမရှိ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့တွင် ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
Feb 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင် ပြပွဲအားယနေ့နံနက် (၁၀)နာရီ အချိန်က ပြည်သူ့စာကြည့်တိုက် (Community    Centre) ခန်းမနှင့် ရုံးရှေ့ တွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင် ဝေါလေမြိုင်မြို့၌ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ဝေါလေမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Feb 11,2022
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများအား စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Talk Show အား နေ့လယ် ၂ နာရီအချိန်က စုကလိမြို့ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။