နယ်ရုံးများ၏သတင်းများ

Oct 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်‌ခေါင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်မှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ စနစ်တကျ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Oct 13,2021
ပဲခူးတိုင်းဒေသကြီး၊ ၊ပြည်ခရိုင်၊ ပေါက်‌ခေါင်းမြို့နယ်တွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်မှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ စနစ်တကျ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Oct 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ မီးလောင်ချောင်း ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန့်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 13,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၁ ခုနှစ်ဆောင်းသီးနှံ သီးညှပ်စိုက်ပျိုးခြင်းအတွက် နေကြာမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို အင်းရွာကျေးရွာရှိ တောင်သူလယ်သမား သင်တန်းကျောင်းတွင် ယန့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့သည်။
Oct 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း ခွဲရုံးသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ ကျင်းပခဲ့ကြောင်းသိရသည်။
Oct 13,2021
ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ ဘောက်ထော်စျေးတွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများစားဝတ်နေ ရေးအဆင်ပြေစေရန်နှင့် သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့်အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူစား သုံးနိုင်ရန်အတွက် အသား၊ ငါးနှင့် ဆန်၊ ဆီ၊ ကြက်ဥများကို ယမန်နေ့ နံနက် (၈)နာရီ အချိန် ကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လာရောက် ရောင်းချပေးခဲ့သည်။