နယ်ရုံးများ၏သတင်းများ

Feb 07,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများ ဦးစီးဖွင့်လှစ်ခဲ့သည့် သာသနာ့ပါလသဟပုညကာရီအဖွဲ့၏ (၁၄)ကြိမ်မြောက် ဓမ္မာစရိယစာဝါသင်တန်းမှ သာသနာ့ပါလ ဓမ္မာစရိယနှင့် အစိုးရ ဓမ္မာစရိယ စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သံဃာတော်နှင့် သီလရှင်များတို့အား ဂုဏ်ပြုဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက ဗူးဘုရားပရိဝုဏ်ရှိ သန္တိသုခ ဓမ္မဗိမာန်တော်၌ ကျင်းပသည်။
Feb 07,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ အနားယူ ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တရော်ကုန်းရပ်ကွက် ရွှေပြောင်ပြောင် ဘုရားဝန်းအတွင်းတွင် ကျင်းပခဲ့သည်။
Feb 07,2022
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၃) ရပ်ကွက်ရှိ ဆက်သွယ်ရေးလမ်းအား မြေနီကျောက်ချောလမ်းအဖြစ်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
Feb 07,2022
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်(၁၉) ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသောသူနှင့်ကာကွယ်ဆေးအပြည့်အဝမရသေးသောသူများအား ကာကွယ်ဆေး(Sputnik Light)ကို ယနေ့နံနက်၌ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Feb 07,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်လိုသူများအားပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ရွာသစ် ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင်ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
Feb 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင် ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီလ၁ ရက်‌နေ့မှ စတင်၍ မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ရှမ်းရွာသစ်မြို့ အမှတ်(၄)ရပ်ကွက်၊ မြို့အဝင်လမ်းသွယ် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းသည် ယ‌ခုအခါတွင် ရာနှုန်းပြည့်ပြီးစီးနေပြီး ဖြစ်ကြောင်း သိရသည်။
Feb 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယနေ့ နံနက်(၈)နာရီ အချိန်က (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 07,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်နေ့ နံနက်၉နာရီက ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)လမှ(၂)နှစ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။