နယ်ရုံးများ၏သတင်းများ

Feb 07,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)စီစဉ်မှုဖြင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် ကြက်ခြေနီ အသင်း(ခွဲ) ရုံး သင်တန်းခန်းမတွင် ရှေးဦးပြုစုခြင်း ( အခြေခံ)သင်တန်း (၁/၂၀၂၂)ဖွင့်လှစ်ခဲ့သည်။
Feb 07,2022
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ သာစည်မြိုနယ်၌ မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြိုနယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က အမှတ်(၆)ရပ်ကွက်ရှိ၊ သာယာကုန်း‌ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 07,2022
ပဲခူး​တိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း၌ ဖေ​ဖော်ဝါရီလ ၅ ရက်​နေ့က မိုးများရွာသွန်းကာ လေပြင်းများတိုက်ခတ်ခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ ပျက်စီးဆုံးရှုံးခဲ့သည့်အိမ်​ထောင်စုအတွက် ထောက်ပံ့​ငွေပေးအပ်ခြင်းကို ဖေ​ဖော်ဝါရီလ(၇)ရက်​နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး Community Centre ခန်းမ တွင် ဆောင်ရွက်ခဲ့ကြသည်။
Feb 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးနှင့် မြို့နယ် သံဃနာယကအဖွဲ့အနားယူခြင်းနှင့်အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ဖောင်ရွာရပ်ကွက်၊ နေလသုခဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ တောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကိုအခြေခံပြီး မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင် စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ရွှေစက် တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ယခုလ ၅ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ဆင်စခန်းမန်နေဂျာ ဦးအောင်ဝင်းနိုင်ထံမှ သိရသည်။
Feb 07,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန် အ​နောက်ပိုင်းခရိုင် လူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပ​သော သက်ကြီးရွယ်အိုများဆိုင်ရာ ဥပ​​ဒေအသိပညာ​ပေး သင်တန်းကို ယ​နေ့နံနက် ၁၀ နာရီက ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရန်ကုန် အ​နောက်ပိုင်းခရိုင်လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ကျင်းပသည်။
Feb 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ဖေဖော်ဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းက တံတားမြို့ ဇီးဖြူပင် ကျေးရွာတွင် ဆောင်ရွက်ပေးခဲ့သည်။