နယ်ရုံးများ၏သတင်းများ

Feb 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူငယ့်အားမာန် သင်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၈) နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
Feb 07,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ပညာရေးမှူးရုံးမှကြီးမှူးပြီး ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာရသည့် ဗဟုသုတများကို သိရှိနားလည်စေရန်နှင့် ဉာဏ်ပညာစွမ်းရည်၊ နှုတ်မှု စွမ်းရည်၊ သရုပ်ဖော်စွမ်းရည်များရရှိစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်အဆင့် စာစီ စာကုံးပြိုင်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲများကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
Feb 07,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လွယ်ဆိုင်ခန်းမတွင် ကျင်းပသည်။
Feb 07,2022
မြို့နယ်သံဃနာယက အဖွဲ့ဝင်များအနားယူခြင်းနှင့် ပြန်လည်အစားထိုးရွေးချယ်ဖွဲ့စည်းခြင်း ဆိုင်ရာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 06,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်ဖာပွန်ခရိုင်၊ ကမမောင်းမြို့ တွင် အလယ်တန်းအဆင့် မြို့နယ်ကျောင်းပေါင်းစုံ ကျပန်း၊စာစီစာကုံး၊ ဆောင်းပါး၊ပန်းချီ ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Feb 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ခင်းကျင်း ပြသခဲ့သည်။
Feb 05,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ ကျောင်းသူ လေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုး ပွားလာစေရန်၊ စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိလာစေရန်နှင့် မှတ်ဉာဏ်စွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ် ဦးစီးမှူး ဦးနေမျိုးသူရိန်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက် ရှိရာ ယမန်နေ့နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစာခွန့်ကျေးရွာအုပ်စု၊ ဝါးတော်အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့် လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။