နယ်ရုံးများ၏သတင်းများ

Feb 17,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီ အချိန်က ရပ်ကွက်များအတွင်း (Hand Speaker)ဖြင့် ကရင်/မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Feb 17,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ Facebook ကောင်းကျိုးဆိုးကျိုး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်သည်။
Feb 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ချက် များကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြည်သူများ စာပေဖတ် ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုစေရန်ရည်ရွယ်၍ စာရေးဆရာ အောင်သင်း “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာ ပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။
Feb 17,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံ ပြီးသူများကို တတိယအကြိမ် (Booster Dose) ထိုးနှံခြင်း ကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် စည်ပင်သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 17,2022
ကိုဗစ်-၁၉ မျိုးဗီဇကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ပြည်သူများ လိုက်နာရမည့်အချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်(၂)နာရီ အချိန်က မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။