စုကလိ ဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အများပြည်သူများအား အသိပညာပေးလုပ်ငန်းများအား စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Talk Show အား နေ့လယ် ၂ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ပင်လုံစာချုပ် ချုပ်ဆိုကြသူများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ဦးတည်ချက်များနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပင်လုံညီလာခံမှ သမိုင်းဝင်စကားများ၊ ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံမှသာ စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်း နိုင်မည်ဟူသော အချက်တို့ကို အလေးထားဆွေးနွေး ခဲ့ကြသည်။
အဆိုပါဆွေး နွေးပွဲ Talk show တွင် စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်နှင့် စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းပြဆရာ ဦးချစ်ထူးတို့က ဆွေးနွေးခဲ့ကြပြီး We Love Sukali Pages တွင် အများပြည်သူများသိရှိနိုင်စေရန် ထုတ်လွင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုပိုအောင်