ပြည်ကြီးမဏ္ဍိုင် ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယမန်နေ့နံနက်၁၁နာရီ အချိန်တွင်(၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကိုကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ( ၇၅ ) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အထိမ်းမှတ် Talk Show ကျင်းပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်မြို့) ကျောင်း အုပ်ဆရာမကြီး ဒေါ်ခင်သန်းမြိုင်ကမြန်မာနိုင်ငံအပေါ် နယ်ချဲ့တိုင်းတပါးများက မတရားခြယ်လှယ် သိမ်းပိုက်ခဲ့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားများကို သွေးခွဲအုပ်ချုပ်ခဲ့ကြောင်း တိုင်းရင်းသားလူမျိုး အသီးသီး၏ စည်းလုံး ညီညွှတ်မှုအင်အားကိုပြဆိုသည့်အနေဖြင့် ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် “ပြည်ထောင်စုနေ့” ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ယနေ့ခေတ် လူငယ်များ အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရိနိုင်ရေးအတွက် မြို့ပြည်သူ့စာ ကြည့်တိုက် Facebook Page တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)