နယ်ရုံးများ၏သတင်းများ

Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီး ရေးအတွက် ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် အသိပညာပေး Mask Campaing ပြုလုပ်ခြင်းအားယနေ့ နံနက် ၁၀ နာရီက မီးပွိုင့်လမ်းဆုံနေရာနှင့် တံတားနှစ်စင်း နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club )၊ (Youth Club)၊ (Woman Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာ မတင်ဝင်းရေးသားသည့် " အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
Feb 21,2022
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပန်းကြယ်သီး ထိုးနည်း (အခမဲ့) သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
Feb 21,2022
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့ ဖေဖော်ဝါရီ လ ၂၁ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 21,2022
မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ တန်းတူပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းအိမ်တွင်းမှုလုပ်ငန်းသင်ကြားခွင့်များ တန်းတူ အခွင့်ရေးရပိုင်ခွင့်များ ဖိနှိပ်ဆက်ဆံခြင်းမရှိစေရေးအတွက် အကာကွယ်ပေးမှုရပိုင်ခွင့်များအား အများပြည်သူများ လေ့လာမှတ်သား သိရှိနိုင်စေရေးအတွက် ယနေ့ နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမရှေ့၌ နံရံကပ်ဘုတ်တွင် ဓာတ်ပုံ မှတ်တမ်းများနှင့် မှတ်သားဖွယ်ရာများအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Feb 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အပြင်မဲကနယ်ကျေးရွာ၊ ကျေးရွာဘုန်းကြီးကျောင်းဝန်းတွင်းတွင် မြဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ဦးစီးဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
Feb 21,2022
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းအတွင်း ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများ၊ Volunteer အသင်းအဖွဲ့များနှင့် ပါဝင် လှူဒါန်းခဲ့ သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
Feb 21,2022
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် လူစည် ကားရာ နေရာများတွင် Mask များအခမဲ့ပေးဝေခြင်း နှင့် အသိပညာပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ကြောင်း သိရသည်။