နယ်ရုံးများ၏သတင်းများ

Feb 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်၍ ယနေ့တိုင်ထိုးနှံပေးနေဆဲ ဖြစ်ကြောင်းသိရသည်။
Feb 21,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှု အရ မောတောင်မြို့ အုပ်ချုပ် ရေးမှူးဦးအောင်ဇင်ထိုက်၏ကြီးကြပ်မှုဖြင့် မောတောင်မြို့ မြို့မဈေးအတွင်း ယမန်နေ့ နံနက် ၈နာရီအချိန်က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ထိန်းချုပ်နိုင် ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာ သည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျဝတ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေးရည်ရွယ်၍ MaskCampaign ပြုလုပ် ကြောင်းသိရသည်။
Feb 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ထီးပုကျေးရွာအုပ်စု မှန်တောကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုက ယနေ့နံနက် ၈ နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
Feb 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စည်းကံတဲတိုက်အတွက် သောက်သုံးရေလိုအပ်လျက်ရှိသော စည်းကံတဲတိုက်သို့ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဝေမျှခြင်း ပရဟိတ မိသားစုက သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Feb 21,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားရေးလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ မဲသပုံ-ကွီးကျယ် ရေတံခွန်ထိ ရွာချင်းဆက်မြေလမ်း (၂)မိုင်အား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နို၀င်ဘာလ ၂၁ရက်နေ့တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Feb 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ရှိ အမှတ်(၅)အရန်မီးသတ်တပ်ဖွဲ့မှ ညောင်ဦး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးဖြင့် သေးဆုံးခဲ့သည့် လူနာနေထိုင်ခဲ့သည့် နေအိမ်ကို ယနေ့နံနက် ၉ နာရီအချိန်က ဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘုံကွင်းကျေးရွာတွင် စပျစ်ပင်များစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အသီးထွက်နှုန်းကောင်း မွန်ကာ ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာ ရောင်းရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရသည်။
Feb 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲ မြောင်း ရေတံခါးအဆောက်အအုံအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံ ငွေဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင် လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းရှိကြောင်း သိရှိရသည်။