တနိုင်း မတ် ၂
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရုံးများနှင့် မြို့နယ် စာကြည့်တိုက်များသို့ ဗဟုသုတစာအုပ်များ ထောက်ပံ့လှူဒါန်းခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုများ ချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နေ့လည်(၁၂)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြား ရာတွင်သည်။ တနိုင်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးရုံးများ(၁၁)ရုံး၊ တနိုင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းနှင့် လမုန်အခြေံပညာအထက်တန်းကျောင်းများသို့ မြို့နယ်စီမံ အုပ်ချုပ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ အလှူရှင် မြန်မာဟူးကောင်းစတားကုမ္ပဏီ ဦးမြင့်ဆောင်တို့က လှူဒါန်းပေးကြသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် မြို့နယ်မိခင်နှင့် ကလေး ကျန်းမာရေးဆရာမ ဒေါ်ပြုံးချိုနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်း လက်နှိပ်စက်စာရေး ဦးပွင့်ဦးနှင့် တနိုင်းမြို့နယ် သူရိယနာရေးကူညီမှုအသင်းတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ဝါဦးက စာအုပ် လှူဒါန်းပေးတဲ့ အလှူရှင်ကို ကျေးဇူးတင်ရှိကြောင်း၊ လှူဒါန်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကျေးဇူးအထူးတင်ရှိကြောင်း၊ စာပေရဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်၊ ကိုယ်ခန္ဓာအတွက် အစာစားသလို စိတ်အစာအတွက် စာများများဖတ်ဖို့လိုကြောင်း၊ လူတော်များတယ် လူကောင်းဖြစ်ဖို့ဆို စာပေများ များဖတ်ရမှာ ဖြစ်ကြောင်း၊ မြို့နယ်စာကြည့်တိုက်မှာ နွေရာသီကျောင်းပိတ်ရက် ကလေးတွေအတွက် ပန်းချီသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ စာစီစာကုံးရေးသား နည်းသင်တန်း၊ ဌာနဆိုင်ရာတွေနဲ့ လူငယ်တွေအတွက်ဖုန်းနဲ့ video တည်းဖြတ်နည်းသင်တန်း၊ ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်း၊ တစ်ပိုင်တစ်နိုင်စီးပွားရေးအတွက် ပန်းအလှဆင်သင်တန်း၊ ဆပ်ပြာရည်သင်တန်း၊ ဖိနပ်ချုပ်နည်းသင်တန်း၊ ဆံညှပ်ထိုးနည်သင်တန်းစတဲ့သင်တန်းတွေ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွေ ဖွင့်တဲ့အခါမှလည်း ဆက်လက်ပံ့ပိုးကူညီပေးဖို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆောင်ရွက်မည့်လုပ်ငန်း များမှာလည်း အားတက်သရော အားသွန်ခွန်စိုက်ပူးပေါင်း ဆောင်ရွက်သွားပါမည်ဖြစ်ကြောင်း ပြောကြား သည်။
လှူဒါန်းသည့် စာအုပ်တန်ဖိုးမှာ ငါးသိန်းကျပ်ဖြစ်ပြီး စာအုပ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း လွှာများအား ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ကျောင်းအုပ် ဆရာမကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
ဝါဝါ(တနိုင်း)