နယ်ရုံးများ၏သတင်းများ

Feb 22,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး စစ်ဆေးမှုများ တစ်အိမ်တက်ဆင်း ဆောင်ရွက်ခဲ့သည်။
Feb 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက် ရေးနှင့် အိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၁)ရက့်နေ့မှ စတင်၍ နိုင်ငံ ဝန်ထမ်းများနှင့် ပြည်သူများအားကို Suptnlk Light Vaccine ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အမှတ် (၉) ရပ်ကွက် တက္ကသိုလ်များဆေးရုံ၊ အရေးပေါ်ဌာနတွင် ထိုးနှံပေးလျက်ရှိပါသည်။
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း ဆော်ဩမှု ပြုလုပ်ပါသည်။
Feb 21,2022
မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လယ်ယာကဏ္ဍတွင် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များအသုံးပြုစိုက်ပျိုးခြင်းဖြင့် ထုတ်လုပ်မှုများမြင့်မားလာကာ တောင်သူလယ်သမား များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်၊ အထွက်တိုးစံပြကွက်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းတွင် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ( Mask Campaign) ကို လူစည်ကားရာနေရာများ၊ လမ်းဆုံ မီးပွိုင့်များတွင် နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၈ နာရီခွဲအချိန်က မြရတနာရပ်ကွက်၊ နဝရတ်လမ်းဆုံနှင့် ရုံးပေါင်းစုံလမ်းဆုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ဗီပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွ နေရာများတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Feb 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာစေရန်အတွက် ရည်ရွယ်၍ လူငယ်လူရွယ် စာပေဝါသနာရှင်များ Youth Club အဖွဲ့ကို ဖိတ်ခေါ်၍ သုတအလင်းမဂ္ဂဇင်း (၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ၊ အမှတ် ၇၀) တွင်ပါရှိသည့် စာရေးဆရာ အောင်နိုင်သူ (ဇွဲကပင်)ရေးသားသည့် “စာဖတ်ခြင်းအနုပညာ” ဆောင်းပါးအား ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။