မိုင်းရယ်မြို့နယ်တွင် ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း၍ စာအုပ်များ ငှားပေးလျက်ရှိ

မိုင်းရယ်  မတ်  ၁

မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်အဖြစ် ပြည်သူ့ စာကြည့်တိုက်မှ စာအုပ်များကို  ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ ကွင်းဆင်း၍ ငှားရမ်း ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ပြီး ငှားရမ်းပေးခဲ့ပါသည်။

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများနေအိမ်များမှ အပြင်သို့သွားလာမှု နည်းပါးနေပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်ပါက မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library အဖြစ် ငှားရမ်းပေးခြင်း၊ ပြန်လည်သိမ်းယူပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိပါသည်။ Online မှ တဆင့် အသိပညာပေး ဆောင်ရွက်မှုများအဖြစ် ပုံပြင်ပြောခြင်း၊ စာအုပ်မိတ်ဆက်များ ကြေငြာပေးခြင်း၊ Talk Show များ ပြုလုပ်ပေးခြင်းများကို  မိုင်းရယ်မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page  မှ စဉ်ဆက်မပြတ် လွှင့်တင် ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရယ် ပြန်/ဆက်