နယ်ရုံးများ၏သတင်းများ

Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 04,2022
လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀၂၀) သင်တန်း ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီက မန္တလေး ပညာရေးဒီဂရီကောလိပ်တွင် ကျင်းပသည်။
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့ဝန်းကျေးရွာတွင် မိသားစုစားဝတ်နေရေးအတွက် သခွားသီးများ စနစ်တကျစိုက်ပျိုးခြင်း၊ ဟင်းသီးဟင်းရွက် များ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ပြည်သူ များအား ကာကွယ်ဆေးထိုးနှံရေးအတွက် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပိုင်ကျုံမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအား ယမန်နေ့ကတွေ့ဆုံ ပွဲကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Mar 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိ ပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော် ခဲ့ကြသည်။
Mar 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ကလေးငယ်များအားပုံမှန် ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ပါသည်။
Mar 04,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတက်ပညာ သင်တန်း အမှတ်စဉ် (၇/၂၀)သင်တန်းဆင်းပွဲကို ယနေ့ နံနက် က မိတ္ထီလာဒီဂရီကောလိပ်ရှိ ပညာ ပါရမီခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 04,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ ၂၀၀၀ ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။