နယ်ရုံးများ၏သတင်းများ

Feb 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၈နာရီမှစ၍ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။
Feb 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား နှစ်ကြိမ်ထိုးနှံထားပြီးသည့် မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း Booster Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ထိုးနှံပေးနေ သည်။
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ မြို့ပြနှင့် ကာကွယ်ရေးအငြိမ်းစား ပင်စင်နှစ်မျိုးကို လစဉ် ယနေ့နှင့် နောက်ပိုင်း ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် မြို့ပြပင်စင်အငြိမ်းစားများကို ပင်စင်ငွေ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Feb 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီ အချိန်မှစတင် ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာ နှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း (mask) များ(အခမဲ့) ဖြန့်ဝေခြင်းကို ကုန်စိမ်းနှင့်သားငါး ယာယီဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာအတွင်းရှိ မူလတန်းကြိုကျောင်း ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ် ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် Mask တပ်ဆင်လာခြင်း မရှိ‌သော ပြည်သူများအား တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့် Mask များ အခမဲ့ ဝေငှပေးခဲ့သည်။
Feb 21,2022
တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်ပရဟိ တ ကျောင်းများသို့ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး(ထားဝယ်)က ထားဝယ်မြို့၊ ရတနာမာရ်အောင်သီလရှင စာသင်တိုက်သို့ ဆွမ်းဆန်တော်များဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Feb 21,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ပိုးများကြောင့် ရောဂါဖြစ်ပွားမှု တစ်ကျော့ပြန်လည်၍ များပြား မလာစေရေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်ကွက်ကဲမှုဖြင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ နယ်စပ်ကုန်သွယ်ရေးစခန်း စစ်ဆေးရေးဂိတ်နှင့် ဝမ်ကန်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေအား ယနေ့ နံနက် ၉ နာရီက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။