ကလိန်အောင် မတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ မတ် ၂ ရက် နံနက် ၁၀ နာရီက ရပ်ကွက် / ကျေးရွာအုပ်စုများရှိ လူဦးရေစာရင်းကောက်ယူရေသွင်းနည်း အစည်းအဝေးပွဲ ကျင်းပသည်။
အခမ်းအနားတွင် ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်တို့က ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုစာရင်း၊ မြေပြင်လူဦးရေစာရင်းဇယားများကို တိကျမှန်ကန်စွာ စနစ်တကျကောက်ယူပုံ၊ ရေသွင်းနည်း ပုံစံများအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားကာ တက်ရောက် လာကြသော ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် / ကျေးရွာ စာရေးများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းခဲ့ကြသည်။
အစည်းအဝေးပွဲသို့ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်၊ မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်၊ ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက် / ကျေးရွာစာရေးများ တက် ရောက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့