ပင်လောင်းမြို့နယ်အဝင်၌ မော်တော်ယာဉ်မောင်းများနှင့် မြို့နယ်ဝင်ထွက်သွားလာသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများလိုက်နာမှုရှိ မရှိစစ်ဆေး

နောင်တရား  မတ်  ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အဝင်၌ မော်တော်ယာဉ်မောင်း များနှင့် မြို့နယ်ဝင်ထွက်သွားလားသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းလိုက်နာမှုရှိ မရှိ  စတင်စစ်ဆေးလျက်ရှိသည်။

ပြည်တွင်း၌ ကိုဗစ်-၁၉ရောဂါ အိုမီခရွန် ကူးစက်မှုရှိလာသဖြင့် ကူးစက်မှုမပြန့်ပွားစေရေးအတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပင်လောင်းမြို့နယ်အဝင်၌ မြို့နယ်ဝင်ထွက်သွားလူသူများ၊ မြို့နယ်အတွင်း ဖြန်သန်းမောင်းနှင်သည့် မော်တော်ယာဉ်မောင်းများကို နှာခေါင်းစည်းတပ်ဆင်မှုရှိ မရှိစစ်ဆေးခြင်း၊ အပူချိန် တိုင်းတာခြင်းစသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းများ လိုက်နာမှုရှိမရှိ ဆောင်ရွက် လျက်ရှိသည်။ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းကို ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ခွန်အောင်(နောင်တရား)