လဲချား မတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ရွေ့လျားစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သုတ၊ ရသစာအုပ်များကို မြို့နယ်လူမှုဖူလုံရေး ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးများသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်း ဆောင်ရွက်ပြီး သုတ၊ ရသ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင်