ဒေးဒရဲ မတ်လ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ယူဆောင်၍ အခမဲ့ ငှားရမ်းပေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက်အသင်းဝင် (၆)ဦးအား သုတ (၁၀)အုပ်၊ ရသ (၆)အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။ အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း