နယ်ရုံးများ၏သတင်းများ

Jan 19,2022
ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံခရို်င၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Jan 19,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန် ရည်ရွယ်၍ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ‌‌ ဆောင်ရွက်ခဲ့သည်။
Jan 19,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
Jan 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စာဖတ်ပရိသတ်များ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယလေ့ကျင့်ခန်း Physical Fitness Dance သရုပ်ပြကပြခြင်းကို ယမန်နေ့ နံနက် ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး၊ လူထု အခြေပြုဗဟိုဌာန၌ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က ဦးဆောင်သော အလက (ခွဲ) လှိုင်ဝကျောင်းမှ ကျောင်းသူလေးများက ပါဝင် သရုပ်ပြ ကပြခဲ့ကြကြောင်း သိရသည်။
Jan 18,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် စာပေချစ်သူများ (Book Club) အဖွဲ့တို့ ပူးပေါင်း၍  ယနေ့ နံနက် (၁၁:၀၀) နာရီက စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး “စာဖတ်ဝိုင်း” ကို ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာနန္ဒာမိုးကြယ်၏ *ကြွက်မလေးရဲ့ ဖြတ်ထိုးဉာဏ် ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
Jan 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ၊ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာကျော်ကျော်လှိုင်ရေးသားသော “တန်ဖိုးရှိသောနေ့” စာအုပ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးက စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။