ပြည်ကြီးမဏ္ဍိုင် ဧပြီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးငယ်များ စာကြည့်တိုက်သို့လာ ရောက်ပြီး စာပေဖတ် ရှုလေ့လာသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် အသိပညာ ဗဟုသုတများတိုးပွါးလာ စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အားကျင်း ပရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင် ဝင်း ကရှင်းလင်းပြောကြားသည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲ နှင့် နံရံကပ်စာစောင် ပြပွဲတွင်မူးယစ်ဆေးဝါးသုံးစွဲသူ၏ လက္ခဏာများ၊ မူးယစ်ဆေးဝါးပြန့်နှံ့ရောက်ရှိမှု၊ မူးယစ်ဆေးဝါးဆိုးကျိုးနှင့် ကြောက်မတ်ဖွယ် ကောင်းပုံများကို ဖော်ပြထားရာ ပြပွဲသို့စာပေဝါသနာရှင်များ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)