ငါ့သရောက် ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က ငါ့ သရောက်မြို့ တိုက်နယ်ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့အရှိုန်ဟုန်မပျက် ထိုးနှံပေးခြင်းကို ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းဦးဆောင်မှုဖြင့် ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက ပူပေါင်းမှုဖြင့် ထိုးနှံပေးလျက်ရှိရာ ငါ့သရောက်မြို့တွင် ဧပြီလ ၁၉ ရက်နေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၇၁၀) ဦးရှိကြောင်း သိရသည်။
ဖြိုးဝေ(ပြန်/ဆက်)