နယ်ရုံးများ၏သတင်းများ

Apr 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးအတွက် အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ညောင်ပင်ကွင်း ကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံတောင်သူများထံအရောက် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
Apr 19,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများကြွယ်ဝစေရန်၊ လူငယ် လူရွယ် ကျောင်းသား ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 19,2022
မြိတ်တက္ကသိုလ်တွင် သင်ကြားရေးဌာန အသီးသီးရှိ နည်းပြ/သရုပ်ပြ၊ ဆရာ/ဆရာမများအား သင်ကြား ပို့ချမှုများ အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း များကို ယမန်နေ့က ဖွင့်လှစ်၍ သက်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)နှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးလျက်ရှိကြသည်။
Apr 19,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောပြင်ကြီးကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်၍ ဓနိမိုး၊ ယိုင်ကာ နေအိမ်(၆)လုံး ပြိုကျပျက်စီး၍ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ်(၅)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Apr 19,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာနှစ်သစ်ကူး အခါသမယတွင် ဆရာတော် သံဃာ တော်များဖြင့် မြို့တွင်းလှည့်လည် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက ဂရုဏာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစိုးဦး ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များစုပေါင်း၍ပြုလုပ် ခဲ့ကြသည်။
Apr 19,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် တန်းခူးလပြည့်ကျော်(၄)ရက်၊ ယနေ့ နံနက် ၉ နာရီက လယ်တောကြီးကျေးရွာအုပ်စု၊ လေးဖိုးကျောင်း တရားရိပ်သာမှ သီလရှင်များအား မြို့ပေါ် နေပြည်သူများက ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းခဲ့သည်။
Apr 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ၌  စနစ်တကျထိုး နှံပေးလျက်ရှိကြောင်း သိရသည်။
Apr 19,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့ စုကြီးထန်းတောရပ်ကွက် မြို့တော်ခန်းမနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲများတွင်  အသက်(၁၈)နှစ်အထက် ပြည်သူမျးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်တွင် ကာကွယ်ဆေးထိုးပြီးသူ (၂၉၃၄၅၈)ဦးထိုးနှံပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။