မိုင်းယန်း ဧပြီ ၁၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ဟောကန်ရပ်ကွက်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်း ၁ နာရီက “လူငယ်ရေးရာ” အသိပညာပေးဆွေးနွေးပွဲကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂(အင်အားပြ)၊ ဦးထွန်းထွန်းထူးမှ လူငယ်များအတွက် စာပေပညာရေးသာမက အသိပညာ၊ အတက်ပညာ၊ အနုပညာ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းပညာအမျိုးမျိုးကို လူငယ်ဘဝပညာသင်အရွယ်မှစ၍ ရည်မှန်းချက်ထားရှိပြီး ကြိုးစားသင့်ပုံ၊ စာတတ်ဖို့သာမက မိမိတို့ဘဝတစ်လျှောက် လူမှုကျင့်ဝတ်များနှင့်အညီနေထိုင်ကာ အကျင့်စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်ပုံများ၊ အသိပညာဗဟုသုတနှင့်ပြည့်စုံအောင် စာအုပ်စာပေများ ရှာဖွေဖတ်ရှုသင့်ပုံများကိုလည်းကောင်း၊ ယာယီနေ့စား ဒေါ်ဆုလင်းနန္ဒာမှ လူငယ်နှင့်ကျန်းမားရေး၊ မျိုးဆက်သစ်လူများ စွမ်းဆောင်ရည်ပြည့်ဝပြီးနိုင်ငံနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးစသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး