ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့် အားကစားခေါင်စဉ်ဖြင့် Talk Show ကျင်းပ

ဝေါ ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်  Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးလွင်က Talk Show ဆွေးနွေးပွဲများ ဆောင်ရွက် ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး  ဦးအောင်လင်းက နိုင်ငံ၏ယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်အတွက် လူငယ်များကို အားကစားနှင့် ဆွဲဆောင်စည်းရုံးပြီး စနစ်တကျပြန်လည် ပြုစုပျိုးထောင်ရန်၊ လူငယ်များအတွင်း ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြီးနိုင်ငံနှင့် လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်ကို ကာကွယ်လိုစိတ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များတွင် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဥ်ကျေးမှု၊ စာပေတို့ကို ထိန်းသိမ်းမြှင့်တင်လိုစိတ်များ တိုးပွားလာစေရန်၊ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးနိုင်စေရန် မသန်စွမ်း လူငယ်များ၏ အခွင့်အရေး ကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များဘဝ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နိုင်စေရန် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံဖြိုးလာစေရန်၊ နိုင်ငံတကာလူငယ် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ရင်းနှီးစွာထိတွေ့ဆက်ဆံပြီး လူငယ်များအကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်စေရန် စသည် တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။    

ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတရရှိစေရန် အသိပညာပေး Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့်ပေးလျက် ရှိကြောင်းသိရပါသည်။

စိုးမိုး(ပြန်/ဆက်