ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ(TOT) Online သင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ(TOT)  Online သင်တန်းကို ယနေ့နံနက်(၉)နာရီမှ စတင်၍  အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း စုပေါင်းခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အခြေခံပညာမူလတန်းကျောင်းအုပ်၊ ဒုတိယမူလတန်းပြများနှင့် လက်ထောက်မူလတန်းပြများ စသည့် သင်တန်းသားသင်တန်းသူ စုစုပေါင်း(၅၈)ဦး တက်ရောက်ကြကြောင်းသိရပြီး၊ သင်တန်းကို ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့်သင်ကြားခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းအားမြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ဒုတိယမြို့နယ် ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးများကအနီးကပ်ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ (၂၀.၄.၂၀၂၂)ရက်နေ့မှ (၂၅.၄.၂၀၂၂)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)