ပေါက်ခေါင်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ကားလမ်းပေါ်သို့ သစ်ပင်လဲကျခဲ့ရာ မီးသတ်တပ်ဖွဲ့မှ ဖယ်ရှားဆောင်ရွက်

ပေါက်ခေါင်း ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ ညပိုင်းက လေပြင်းများ ပြင်းထန်စွာတိုက်ခတ်ခဲ့၍ သစ်ပင် တစ်ချို့ကားလမ်း ပေါ်သို့လဲကျခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ငါးခူအိုင်ကျေးရွာအုပ်စု ထိန်တောလမ်းပေါက်ရှိ ပြည်-တောင်ငူသွားကားလမ်းပေါ်သို့ သစ်ပင်လဲ ကျပြီးကားလမ်းပိတ်ဆို့မှု ဖြစ်ပွါးခဲ့ရာ မြို့နယ်မီးသတ်စခန်း(ခွဲ)တာကောက်မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရဝေအောင်ဦး ဆောင်သောတပ်ဖွဲ့ဝင်များက ညတွင်းချင်းသွားရောက်ကာ လဲကျနေသောသစ်ပင်၊ သစ်ကိုင်းများအားဖယ်ရှား ရှင်းလင်းဆောင်ရွက် ပေးခဲ့ကြောင်းနှင့် မော်တော်ကား၊ ဆိုင်ကယ်များ ညတွင်းချင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)