လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ချမ်းမြသာစည်   ဧပြီ  ၂၀

ဆရာ ဒေါက်တာ ကျော်စိန်၏ "လူငယ်လမ်းညွှန်" စာအုပ် စာဖတ်ဝိုင်းကို  ယနေ့ နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက စာအုပ်စာပေများကိုဖတ်ရှု လေ့လာခြင်းဖြင့်အသိပညာဗဟု သုတများ ရရှိစေရန်၊ စာဖတ်အလေ့အကျင့်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင် ပါဝင်သည့် "လူငယ်ဟူသည်"နှင့် "မှန်ကန်သော  စိတ်နေသဘောထား” ခေါင်းစဉ်များကို ဦးဆောင် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေ သွယ်ခိုင်က"လူငယ်နှင့်ဘာသာရေး"ခေါင်းစဉ်ကို လည်းကောင်း၊စာကြည့်တိုက်လက်ထောက် (၃) ဒေါ်ခင်မာဦးက "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ကိုလည်းကောင်း၊အငယ်တန်းစာ‌ရေး‌ ဒေါ်ခိုင်ခင်ဦးက "လူငယ်နှင့်ပေါင်းသင်း ဆက်ဆံရေး" ခေါင်းစဉ်ကိုလည်းကောင်း အသီးသီးဖတ်မှတ်ဆွေးနွေးခဲ့ကြ သည်။    

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုး သူများနှင့်ပူးပေါင်း၍ အများပြည်သူများဖတ်ရှုလေ့လာသင့်သည့် သုတရသစာအုပ်ကောင်း များကို ရွေးချယ်ကာ စာဖတ်ဝိုင်း/စာပေဆွေး‌နွေးပွဲများကိုကျင်းပ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စာဖတ်ဝိုင်းသို့ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများက ကျင်းပဆောင်ရွက်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရ သည်။

ခင်စိမ်း၀င်း