ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ရန်ကုန်) မှ Grade - 5 သင်ရိုးသစ် ဗဟိုနည်းပြ သင်တန်းဖွင့်လှစ် ပို့ချ

သာယာဝတီ ဧပြီ ၂၀

ပညာရေးဝန်ကြီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ (ရန်ကုန်) မှ Grade - 5 သင်ရိုးသစ် ဗဟိုနည်းပြ သင်တန်း Online Projecter ဖြင့်သင်ကြား ပို့ချပေးခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.ထ.က(၁) ပညာ့အားမာန်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် Grade - 5 သင်ရိုးသစ် ဗဟိုနည်းပြသင်တန်းအား ခရိုင်ပညာရေးမှူး ဒေါက်တာစုစုလှိုင်နှင့် မြို့နယ် ပညာရေးမှူး ဒေါ်လှလှဝင်းတို့ ခေါင်းဆောင်ကြီးကြပ်၍ သင်တန်းသားဆရာ (၂၀) ဦး သင်တန်းသူ ဆရာမ (၃၀)ဦး ၊  စုစုပေါင်း (၅၀) ဦးတို့ တက်ရောက် သင်ကြားခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဧပြီလ ၂၀ ရက်မှ ၂၅ ရက်နေ့ထိ နေ့စဉ် ၉ နာရီ မှ ညနေ ၄ နာရီအချိန်ထိ ပို့ချသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)