နယ်ရုံးများ၏သတင်းများ

Apr 24,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်း က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်    တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ပညာရေးဘွဲ့၅နှစ် သင်တန်းအမှတ်စဉ်(၉)၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့ တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ နှင့်  တွေ့ဆုံပွဲအခမ်းအနားကို တက်​ရောက်ခဲ့ကြ​ကြောင်းသိရသည်။
Apr 24,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေး ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
Apr 24,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသည့် ၁၃၈၄ခုနှစ် (၂၀၂၂) ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတော်ကြီး ကျင်းပပြုလုပ်နိုင်ရေးအတွက် အစည်း အဝေးကို ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မုံရွာမြို့ မြို့မ ရွှေဂူကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 24,2022
ချင်းပြည်နယ်ဝန်ကြီးချုပ်မှ စစ်ဗျူဟာ (အခြေချ) ဟားခါးတပ်နယ်၊ အခြေခံပညာမူလတန်းလွန် ကျောင်း  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အနွေးထည် ထောက်ပံ့ပေး အပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပရာ ချင်းပြည် နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်း အောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Apr 24,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Thandwe Youth Club တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျပန်စကားပြောအခြေခံ N-5 သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၁၂:၃၀)နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၊ အနုပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်အတွင်း
Apr 23,2022
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် မုံရွာမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ( Book Club ) ၏  (၆၁) ကြိမ်မြောက်  စာဖတ်ဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျင်းပပြုလုပ်ရာ  Book Club အဖွဲ့ဝင်များ၊ စာရေးဆရာ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး စာရေးဆရာ မောင်နေညို (ပုလဲ) ရေးသားသည့်  စာနယ်ဇင်းပါ မြန်မာကဗျာ-၁၀၀ ၊ "လောကအလှဆင်အတွေးအမြင်ကဗျာများ "စာအုပ်ဖြင့်ဖြင့်  စာဖတ်ဝိုင်း ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။
Apr 23,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအသင်းခွဲတို့ ပူးပေါင်း၍‌ ရှေးဦးသူနာပြုစုနည်းအ‌ခြေခံသင်တန်းကို ယမန်နေ့ကဖွင့်လှစ်ခဲ့ရာ သင်တန်းဒုတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းမှညနေပိုင်းအထိ စဉ့်ကူးမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆက်လက်သင်ကြား လျက်ရှိကြောင်း သိရသည်။