Apr 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာ အုပ်စုတွင်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၅)နှစ်မှ(၁၈)နှစ်အတွင်း ပြည်သူ များနှင့်အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများတို့အားပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobileအစီအစဉ် ဖြင့်ဆက်လက်ထိုးနှံပေးလျက်ရှိရာယနေ့ နံနက် (၉)နာရီက အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ကို ကျောက်ကုဒင် ကျေးရွာအုပ်စုတွင်ကွင်းဆင်းထိုးနှံ ပေးလျက်ရှိသည်။