နယ်ရုံးများ၏သတင်းများ

Apr 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဇာတ်ညွှန်းမြမြသန်း၏ မွေးကြိုင်သော လေလည်နံ့ပုံပြင်စာအုပ်ဖြင့် ရုပ်ပြပုံပြောခြင်းအစီအစဉ်ကို  ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
Apr 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပဉ္စမတန်း (Grade-5) သင်ရိုးသစ်ဗဟိုအဆင့် နည်းပြသင်တန်းကို ဧပြီလ (၂၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်မှစ၍ Zoom Meeting ဖြင့် နေ့စဉ် ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။
Apr 23,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာ(မိုး/ဆောင်း)သီးနှံစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သည့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းက ပင်္ဂကျေးရွာ၊ လက်ခုပ်ပင်ကျေးရွာ၊ ကျောက်ပန်းတောင်းကျေးရွာများသို့ သွားရောက်၍ ဒေသခံ တောင်သူများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Apr 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်စာစောင်များကို ယနေ့ နေ့လယ်ပိုင်းက ရုံးဌာနများရှိရာ ခရိုင်စိုက်ပျိုးရေးရုံးသို့ သွား‌ရောက်ဌားရမ်းပေးခဲ့သည်။
Apr 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ကိုင်းမကြီးကျေးရွာအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် အပေါ့စား မီးငြှိမ်းသတ်စက်တစ်စုံကို ဧပြီ ၂၁ ရက်က ခရိုင်မီးသတ်းဦးစီးမှူး ရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 22,2022
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် “သုတရတနာ ဆည်းပူးဖွေရှာ စာဖတ်ပါ” အစီအစဉ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းရေးဖြေပြိုင်ပွဲနှင့် Kahoot Quiz Game ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 22,2022
မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါစိုက်ဧက ၅၇၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။