သရက်ချောင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင်(၂၀၂၁-၂၀၂၂)ပညာသင်နှစ် ကျောင်းတွင်းစစ်စာမေးပွဲများအောင် စာရင်းထုတ်ပြန်ကြေငြာ

သရက်ချောင်း ဧပြီ ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ (၂၀၂၁-၂၀၂၂)၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက် စာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက ၆ နာရီအချိန်မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေငြာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်းသူ/သားများ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စာမေးပွဲအောင်စာရင်းများ ကြေငြာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG)တန်းမှစ၍ (Grade-10)အတန်းအထိ (တက္ကသိုလ်ဝင်တန်းမပ)အား အတန်းလိုက် အောင်စာရင်းများကို ဧပြီလ (၂၄ ရက်နေ့မှ၂၆) အထိ(၃)ရက်အကြာ ကပ်ထားကြေငြာပေးထား မည်ဖြစ်ပြီး ၂၀၂၂ခုနှစ်၊မေလ(၂၅) ရက်နေ့မှစတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသူ/သားများကို ကျောင်းအပ်နှံမှု လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။

နန်းခလိုက်(သရက်ချောင်း)